Thursday, December 27, 2018


The Christmas Dragon (2014)
မြန်မာစာတန်းထို

ခရစ္စမတ်မကျတာ နှစ်တွေအတော်ကြာပြီ
ဆောင်းရာသီပေမယ့် နှင်းတွေ ရှိပေမယ့်
ခရစ္စမတ်မရှိတော့ တစ်ခုခုလစ်ဟာ နေသလိုလို...

ဒီနယ်တစ်ကျောက လူတွေတောင်
ခရစ္စမတ်မကျနိုင်တော့ဘူးရယ်လို့ 
ယုံကြည်လာကြပြီ....

ဒါပေမယ့် မယုံကြည်သူကလေးတစ်ဦးတော့ ရှိနေဆဲ...
အဲ့ဒီကလေး နာမည်က ဧဒင်တဲ့
ဧဒင်လေးက ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံးကို 
ဆုံးရှုံးခဲ့ရသူလေး...
ဖာသာတွေ တည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာမှာ
ဘ၀တူ သူငယ်ချင်းတွေနဲ့  ပျော်ပျော်နေနေသူလေး...
တစ်နေ့ 
တောအုပ်ထဲမှာ ဆေးမြစ်ရှာရင်း
မှင်စာတစ်ကောင်နဲ့ သူနဲ့ တွေ့ တယ်....

ခရစ္စမတ်ဘိုးဘိုးကြီး ကျန်းမာရေးမကောင်းဘူး...
မှော်အစွမ်းတွေ ပျောက်ကွယ်သွားလို့ 
ခရစ္စမတ်မကျတာဖြစ်ကြောင်းနဲ့ 
အဲ့ဒီပျောက်ဆုံးသွားတဲ့ မှော်ပညာကို ရှာဖို့ 
လမ်းပြကျောက်တုံးနဲ့ အတူ ခရီးထွက်လာတာဖြစ်ကြောင်း
ဧဒင့်ကို သူပြောပြတယ်

နောက်ပြီး 
ဧဒင့်ဆီကို သူရောက်လာတယ်ဆိုတာ
လမ်းပြကျောက်တုံးရဲ့ လမ်းညွှန်မှုကြောင့်ဖြစ်ကြောင်း
ပျောက်ဆုံးသွားတဲ့ မှော်ပညာကို ဧဒင်က ရှာပေးစေချင်ကြောင်း
သူ့ လက်ကို လမ်းပြကျောက်တုံးပေးအပ်ပြီး 
ပျောက်ကွယ်သွားတယ်....

သူများတွေ ပြောနေကြတဲ့ ကောလဟလတွေကို မယုံကြည်တဲ့ 
ဧဒင်ဟာ မှင်စာပြောတဲ့ မှော်ပညာကို ရှာဖို့ ၊
ခရစ္စမတ်ဘိုးဘိုးကြီးကို ကူညီပေးဖို့ 
သူငယ်ချင်းတစ်စုနဲ့ အတူ ခရီးထွက်ခဲ့ပါတော့တယ်....

ဒီကားလေးက ကလေးတွေအတွက်
မိန်းကလေးတွေအတွက် သင့်လျော်ပြီး 
ခရစ္စမတ်ကားလေးကို တမူထူးခြားတဲ့ပုံစံနဲ့  ရိုက်ပြထားတာမို့ 
အကောင်းကြီးမဟုတ်ရင်တောင်
ကြည့်ပျော်တဲ့ ကားလေးတစ်ကားပါ....

ခရစ္စမတ်နေ့ မှာ တင်ပေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးနိုင်ခဲ့တာပါ...
အားပေးလိုက်ကြပါဦး ခင်ဗျာ.... 

Large(1Gb)
Small(500Mb)


K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...

လူကြိုက်များသော ပို့စ်များ