Wednesday, July 11, 2018

Hello III (2017) မြန်မာစာတန်းထိုး

Hello III (2017)
မြန်မာစာတန်းထိုး

သင်ဟာ လူငယ်ဆန်ဆန်နဲ့ 
အချစ်အလွမ်း အကြမ်း 
ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်
ဒီကားလေးကို ကြည့်သင့်ပါတယ်

ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ 
ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .

မနက် 7:30 အချိန်ကို ရောက်တိုင်း 
ကောင်လေးတစ်ယောက် 
ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.
သူ့ မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်
တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ 
ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .
အဲ့ဒိအချိန် ရုတ်တရတ် 
သူ့ ဆီကို ဖုန်းဝင်လာလို့ 
ကောက်ကိုင်လိုက်တယ်
Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .
သူတက္ကစီခေါ်ထားလို့ 
ဖုန်းဆက်တာဖြစ်တဲ့အကြောင်း 
ဟိုဘက်က ပြောတယ်
သူကလည်း သူမခေါ်ထားကြောင်း 
ပြန်ရှင်းပြတယ်. . .
ရုတ်တရတ်. . .
အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .
ဖုန်းပြောနေရင်း
ဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .
သူဟိုးငယ်စဉ်ကတည်းက 
စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .
ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ 
သူကြားဖူးခဲ့တဲ့ အသံလေး. . .
သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . .
တစ်စုံတစ်ယောက်ရဲ့ တယောကနေ
လှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး 
ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး 
ထွက်ပေါ်လာနေတာ
ဟုတ်ပါရဲ့. . .

ဒီအသံလေးနားစွင့်ရင်း
သူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . .
ကြာခဲ့ပြီ
တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . .
တစ်စုံနစ်ခုကို သူ့နှလုံးသားထဲကနေ
မျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ 
14 နှစ်တောင် ရှိခဲ့ပြီပဲ. . .
. . .

ဇာတ်လမ်းသွားကိုတော့ 
အဲ့ဒီလိုလေး စထားတယ်. . .
ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . .
ရသစုံပါဝင်ပြီး 
တမေ့တမောခံစားရလောက်တဲ့အထိကို 
ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . .
အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင်
ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား
ဝမ်းနည်းဝမ်းန
အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့
ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. . .
ကျေးဇူးတင်ပါသည်. . .
မရိုစဖူး အရိုထူးတဲ့ 
ငှက်ကြီး 
😁😁😁

Genre: Action,Romance
IMDb ratings:7/10(based on 874 ratings)
Spoken Language:Telugu
File Size:1.2Gb/550Mb(HDRip)
Resolution:720p

Large 
Small


K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...

လူကြိုက်များသော ပို့စ်များ