Thursday, October 26, 2017
The Super Khiladi(2016) မြန်​မာစာတန်းထိုး
The Super Khiladi 3/Nenu Sailaja
(2016) မြန်​မာစာတန်းထိုး
Imdb Ratings:7/10
Genre:Action,Comedy,Romance
Run Time:155mins
Language:Telugu
Release Date:1st Jan 2016
Quality : 640×360p
File Size :  500mb
ပထမဦးဆုံးအ​နေနဲ့ 
တေလဂူ (အိန္ဒိယ​တောင်​ပိုင်း-Tollywood ကား)​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးပါရ​စေ ခင်​ဗျာ
.....
ဒီကားရဲ့ Generation မှာ Action,Comedy,Romanceဆို​ပေမယ့်​ တကယ့်​တကယ်​ အချစ်​ကားစစ်​စစ်​ဖြစ်​ပြီး Family ဘက်​ယိမ်းတဲ့ကားဖြစ်​ပါတယ်
Ratings လည်း 7/10 ဆို​တော့ ​ပြောစရာမလို​အောင်​ ပြည့်​စုံ​နေပါတယ်
ကျွန်​​တော့်​လို အချစ်​ကားအကြည့်​နည်းတဲ့သူ​တောင်​ ဒီကားကြည့်​ပြီး ထိခိုက်​ခံစားရပါတယ်
လူငယ်​​တွေရဲ့ အချစ်​အ​ပေါ် ယုံကြည်​ပုံနဲ့ 
ဘဝမှာ မိသားစုသာ
အ​ရေးအကြီဆုံးဖြစ်​​ကြောင်း မီး​မောင်းထိုးပြထားတဲ့ ကား​လေး ဖြစ်​ပါတယ်
နောက်​ပြီး
ကျွန်​​တော်​တို့ လို
မိသားစုနဲ့ အ​နေ​ဝေးသူ​တွေ မိမိရဲ့ မိသားစုကို သတိရ တန်​ဖိုးနားလည်​သွား​စေမယ့်​ ကား​လေး တစ်​ကားလည်းးဖြစ်​ပါတယ်
ဇာတ်​လမ်းအကျဉ်း
ငယ်​ဘဝကတည်းက မိမိချစ်​ခဲ့ရတဲ့ ​ကောင်​မ​လေးနဲ့ ပြန်​​တွေ့ တဲ့အချိန်​မှာ
အရာရာ​ချော​မွေ့ အဆင်​​ပြေ​နေ​ပေမယ့်​ လက်​ထပ်​ယူဖို့ ဖွင့်​​ပြောမယ့်​ အချိန်​ကျမှ ရုတ်​တရတ်​​ပျောက်​သွားလို့ စိတ်​ပူ အလွမ်းပို​နေရတဲ့ ​ကောင်​​လေး ဟာရီ
စိတ်​ပူပြီး ​နေမချိတ်​ထိုင်​မသာဖြစ်​ပြီး ​မျှော်​​နေချိန်​ ​ကောင်​မ​လေးဘက်​က ဆက်​သွယ်​လာလို့ သွား​တွေ့​တော့မှ 
ကောင်​မ​လေးရဲ့ အ​ကြောင်းပြချက်​မဲ့ ငြင်းလိုက်​တာကို ခံလိုက်​ရပါတယ်
ဟိုး ငယ်​ဘဝကတည်းက
မိမိမြတ်​နိုး တန်​ဖိုးထားခဲ့ရသူ​လေး
မိမိနဲ့ထပ်​တူ မိမိကိုချစ်​မယ်​ဆိုတာ ကျိန်း​​သေသိနေ​ပေမယ့်​ ဘာ​ကြောင့်​ ငြင်းလဲဆိုတာ ရုတ်​တရတ်​ နားမလည်​နိုင်​ ဖြစ်​သွားရတယ်
သူ့ ယုံကြည်​ချက်​ကို ဆုပ်​ကိုင်​ပြီး အ​ကြောင်းအရင်းသိရဖို့ မိမိနည်းနဲ့ ကြိုးစားကြည့်​မှ ​ကောင်​မ​လေးမှာ တကွဲတပြားစီဖြစ်​​နေတဲ့ မိသားစု ပြသနာရှိ​နေပြီး သူလိုချင်​တာကို ဖွင့်​မ​ပြောတတ်​​လောက်​​အောင်​ စိတ်​ဒါဏ်​ရာ ရ​နေတာကို သိသွားခဲ့ရတယ်
ိထပ်​မံသိလိုက်​ရတာက ​ကောင်​မ​လေးရဲ့အ​ဖေ ဟာ သူ့အ​ဖေနဲ့ အဆင်​မ​ပြေဖြစ်​ စိတ်​နာပြီး
ကောင်​မ​လေးငယ်​ငယ်​ကတည်းက အိမ်​​ပေါ်က ဆင်းသွားလို့  ကွဲကွာ​နေခဲ့တယ်​ဆိုတာပါပဲ
တစ်​​နေ့ ​တော့ ​ကောင်​မ​လေးရဲ့ အဖိုး ​နေမ​ကောင်းဖြစ်​ပြီး သူတို့ ​နေတဲ့​မြို့က ဆေးရုံမှာ ​လေဖြန်း​ရောဂါလာကုရင်း သူ့သားအိမ်​မှာ မဖြစ်​မ​နေ ​နေရ​တော့မယ့်​အချိန်
သူစိမ်းပြင်​ပြင်​ ဖြစ်​​နေတဲ့ မိသားစုနှစ်​ခုကို ပြန်​လည်​​ပေါင်းစည်း​စေလိုတဲ့ ဆန္ဒနဲ့ အ​မေရိကားပြန်​ ​ဆော့ဖ်​ဝဲလ်​အင်​ဂျင်​နီယာဖြစ်​တဲ့သူတို့ သားနဲ့ 
ကောင်​မ​လေးကို အိမ်​​ထောင်​ချ​ပေးဖို့ စီစဉ်​လိုက်​တဲ့အခါ. . .
မိမိခံစားချက်​ကို ဖွင့်​မ​ပြောနိုင်​​လောက်​​အောင်
ငယ်​ငယ်​ကတည်းက ဖခင်​ဖြစ်​သူကို
စိတ်​နာ​နေခဲ့တဲ့ ​ကောင်​မ​လေး ရှယ်​လူးနဲ့
အချစ်​စစ်​ဆိုတာ ဘယ်​လိုမျိုးလဲ
အချစ်​ဟာ​ပျော်​ဖို​ကောင်းပြီး
အေးချမ်းတယ်
ဆိုတာ​လောက်​သာ သိခဲ့​ပေမယ့်​ တကယ့်​တကယ်​ ရင်​ထဲမှာ ဖြစ်​တည်​လာတဲ့ အချစ်​ဟာ ပူ​လောင်​ ရင်​​မောရမှန်း သိလိုက်​ရတဲ့
ကောင်​​လေး
ဟာရီ
မိသားစုတစ်​စုရဲ့ အိမ်​တွင်း​ရေးပြသနာနဲ့ အချစ်​တစ်​ခုရဲ့ လွန်​ဆွဲမှု တို့ကို တခမ်းတနားနဲ့ ပြိုင်​ဆိုင်​မှု အား​ကောင်း​ကောင်း ချပြ​ပေးထားတဲ့ ဇာတ်​အိမ်​ခိုင်​မာတဲ့ မျက်​ရည်​ချူမယ့်​ကား​လေးမို့ 
တင်​ဆက်​​ပေးလိုက်​ရဖြင်း ဖြစ်​ပါ​ကြောင်း
ပါဝင်​သည့်
သရုပ်​​ဆောင်​များ
ဟာရီအဖြစ်​ မင်းသား​ချော Ram
ရှယ်​လူးအဖြစ်​ Keerthi Suresh တို့ က အဓိက ပါဝင်​ သရုပ်​​ဆောင်​ထားပါတယ်
ဒီကားကြည့်​မယ်​ဆို
ုပဝါ​လေးတစ်​ထည်​​ဆောင်​ထားဖို့ လိုပါတယ်​ လို့ 
😃😃😃
ကဲ
အစအဆုံး ခံစားကြည့်​ကြပါဦး. . . 
Review,Translated & Encoded By
Myint Thu(ငှက်​က​လေး-နည်းပညာ)
DOWNLOAD 360P
http://twineer.com/5y3u
K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး
(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...
လူကြိုက်များသော ပို့စ်များ