Wednesday, January 17, 2018

Aval (The House Next Door) 2017 မြန်​မာစာတန်းထိုး



Aval (The House Next Door ) 2017 မြန်​မာစာတန်းထိုး
Imdb Ratings:7.4/10
Genre:Horror
Run Time:137mins
Released Date:10th Nov 2017
Language:Hindi Dubbed
Resolution:1280×544(Large)
Resolution:640×360(Small)

အိန္ဒိယနိုင်​ငံကို ဗြိတိသျှတို့ အုပ်​စိုးစဉ်​ကာလ. . .
ဟိမဝန္တာ​တောင်​​ခြေ. . .
ရိုစီးနား ​တောင်​ကြားက အိမ်​ကြီးတစ်​လုံးမှာ ပိုးထည်​ကုန်​သည်​ တရုတ်​လူမျိုး မစ္စတာလု​ဝေ,သူ့ဇနီး လီကျင်းနဲ့ 8နှစ်​သမီး​လေး လီမင်​တို့ ​နေထိုင်​ခဲ့ကြတယ်​. . .
လု​ဝေဟာ. . .
ဘုရင်​​တွေ မင်းညီမင်းသား​တွေနဲ့
သူကြွယ်​​တွေဆီကို တရုတ်​က သယ်​လာတဲ့ ပိုးထည်​​တွေ ​ရောင်းချရင်း အသက်​​မွေးသူဖြစ်​တယ်​. . .
သူဟာ
ရှေး​ဟောင်းကျမ်းစာနဲ့ ​မှော်​နက်​ပညာကို
လိုက်​စားသူလည်း ဖြစ်​တယ်​. .
ဒီလိုနဲ့ 1934 ခုနှစ်​​ရောက်​တဲ့အချိန်​. . .
ကောင်းကင်​ကြီးတစ်​ခုလုံး မည်းမည်း​မှောင်​ပြီး ​နေအပြည့်​ကြတ်​တဲ့​နေ့ ကို ​ရောက်​လာခဲ့တယ်​. . .
မှော်​နက်​ကို ယုံကြည်​သူ လု​ဝေဟာ
သူ့ ခြံဝင်းထဲကို ပန်းလာ​ကောက်​တဲ့ က​လေးမ​လေးတစ်​​ယောက်​ကို ဖမ်းဆီးပြီး ကျမ်းစာအတိုင်း ယစ်​ပူ​ဇော်​ဖို့ ပြင်​ဆင်​တယ်​. . .
သူ့ အယူအဆအရ. .
မိန်းက​လေးတစ်​​ယောက်​ကို ယစ်​ပူ​ဇော်​မှ ကိုယ်​ဝန်​သည်​ သူ့ဇနီးဟာ ဘုန်းတန်​ခိုးကြီးတဲ့ သား​ယောက်ျား​လေးတစ်​​ယောက်​ ဖွားမြင်​မှာဖြစ်​တယ်​. . .
ဒါကို လီကျင်းက ခွင့်​မပြုဘူး. . .
က​လေးမ​လေးကို ပြန်​လွှတ်​​ပေးလိုက်​တယ်​. . .
ခေါင်းမာတဲ့လု​ဝေဟာ နှစ်​​တွေအများကြီးကြာမှ တစ်​ခါသာ ကျ​ရောက်​တဲ့ ​နေကြတ်​ချိန်​မှာ အခွင့်​အ​ရေးကို လက်​လွတ်​မခံလိုတာ​ကြောင့်​. . .သူ့ သမီးအရင်း လီမင်​ကို စ​တေးလိုက်​​တော့တယ်​. . .သရဲမရဲစီး​နေသလို အသိစိတ်​​ပျောက်​သွားတဲ့ လု​ဝေကိုကြည့်​ပြီး လီကျင်းလည်း ဗိုက်​ထဲက က​လေးကို​ရော သူ့ ကိုယ်​သူပါ အဆုံးစီရင်​လိုက်​တယ်​. .
လု​ဝေလည်း ​ရေတွင်းကြီးထဲ ခုန်​ချပြီး
အဆုံးစီရင်​ သွားတယ်​. . .
ဒီလိုနဲ့ နှစ်​​တွေကြာလာချိန်
ဒီအဖြစ်​အပျက်​ဟာ ​မှေးမှိန်​​မေ့​လျှော့စ ပြုလာခဲ့တယ်​. . .
2016 ခုနှစ်​. . .
မစ္စတာခရစ်​ရှ်​ဟာ
ဦး​​နှောက်​ခွဲစိပ်​ဆရာဝန်​တစ်​​ယောက်​ဖြစ်​ပြီး သူတာဝန်​ကျရာ​ဆေးရုံနဲ့
မနီးမ​ဝေးမှာရှိတဲ့ ဟိမဝန္တာ ​တောင်​​ခြေက အိမ်​​လေးတစ်​လုံးမှာ
သူ့ဇနီး လင်​ခ်ျ​မီးတို့  အတူ​နေထိုင်​ကြတယ်​. . .
သူတို့ နှစ်​​ယောက်​က အရမ်းချစ်​ကြတဲ့ ဇနီး​မောင်​နှံဖြစ်​တယ်​. . .
ဒီလိုနဲ့ တစ်​​နေ့ ​တော့
သူတို့ အိမ်​​ဘေးက အိမ်​ကြီးကို မိသားစုတစ်​ခု ​ပြောင်း​ရွှေ့ လာတယ်
မစ္စတာ​ပေါလ်​ရယ်​ သူ့ ဇနီး လစ်​ဇီး. .သမီးအကြီး ဂျင်းနီနဲ့ သမီးအငယ်​ ဆာရာ. . .
အားလုံး​ပေါင်း ​ခြောက်​​ယောက်​. . .
သူတို့ မသိတဲ့အ​ကြောင်းတစ်​ခုက
အဲ့ဒီအိမ်​ကြီးဟာ ဗြိတိသျှ​ခေတ်​က မစ္စတာလု​ဝေတို့ ​နေခဲ့တဲ့ အိမ်​ကြီးဖြစ်​​နေတာခဲ့တာပါပဲ. . .
သူတို့ ​ရောက်​လာပြီး ​နောက်​ပိုင်း အိမ်​ကြီးမှာ ထူးဆန်းတဲ့အသံကြားရတာ​တွေ. . .ဂျင်းနီတစ်​​ယောက်​ ထူးဆန်းတဲ့ အပြုအမူ​တွေနဲ့ တစ်​​ယောက်​တည်း အိမ်​က​နေထွက်​ ထွက်​ သွားတတ်​တာ​တွေနဲ့. . .
စိတ်​အ​ခြေအ​နေ မူမမှန်​ဘူးထင်​လို့ 
စိတ်​​ရောဂါကု ဆရာဝန်​​ခေါ်ပြကာမှ
ပ​ယောဂကပ်​​နေမှန်း သိလာရတယ်
ဒီအိမ်​ကြီးမှာ စွဲကပ်​​နေတဲ့ မကျွတ်​မလွတ်​​သေးတဲ့ သရဲ​တွေအ​ကြောင်း လိုက်​စုံစမ်းရင်းနဲ့. . .
နေအပြည့်​ကြတ်​တဲ့​နေ့ကို
ရောက်​လာတဲ့အခါ. . .
လု​ဝေ. . .လီကျင်းနဲ့ လီမင်​တို့ ရဲ့ ဝိဥာဉ်​​တွေက. . .​ပေါလ်​တို့ မိသားစုကို ဘယ်​လို​နှောက်​ယှက်​ မလဲ. . .
ခရစ်​ရှ်​မိသားစုနဲ့​ရော ဘယ်​လိုပက်​သက်​မလဲ. . .
Rating လည်းမြင့်​ပြီး
ရိုက်​ချက်​​ကောင်း​တွေနဲ့ Horrorကား​လေးမို့ . . .
ရုပ်​သံအကြည်
စာတန်းထိုးအမှန်​ဖြင့်
ဝယ်​ယူအား​ပေး ခံစားနိုင်​ပါပြီ ခင်​ဗျာ. . .
Review , Translated &
Encoded By
Myint Thu(ငှက်​က​လေး-နည်းပညာ)

Large : 800Mb

Small : 400Mb

http://rapidtory.com/6k6X



K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...

လူကြိုက်များသော ပို့စ်များ