Thursday, December 27, 2018


The Christmas Dragon (2014)
မြန်မာစာတန်းထို

ခရစ္စမတ်မကျတာ နှစ်တွေအတော်ကြာပြီ
ဆောင်းရာသီပေမယ့် နှင်းတွေ ရှိပေမယ့်
ခရစ္စမတ်မရှိတော့ တစ်ခုခုလစ်ဟာ နေသလိုလို...

ဒီနယ်တစ်ကျောက လူတွေတောင်
ခရစ္စမတ်မကျနိုင်တော့ဘူးရယ်လို့ 
ယုံကြည်လာကြပြီ....

ဒါပေမယ့် မယုံကြည်သူကလေးတစ်ဦးတော့ ရှိနေဆဲ...
အဲ့ဒီကလေး နာမည်က ဧဒင်တဲ့
ဧဒင်လေးက ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံးကို 
ဆုံးရှုံးခဲ့ရသူလေး...
ဖာသာတွေ တည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာမှာ
ဘ၀တူ သူငယ်ချင်းတွေနဲ့  ပျော်ပျော်နေနေသူလေး...
တစ်နေ့ 
တောအုပ်ထဲမှာ ဆေးမြစ်ရှာရင်း
မှင်စာတစ်ကောင်နဲ့ သူနဲ့ တွေ့ တယ်....

ခရစ္စမတ်ဘိုးဘိုးကြီး ကျန်းမာရေးမကောင်းဘူး...
မှော်အစွမ်းတွေ ပျောက်ကွယ်သွားလို့ 
ခရစ္စမတ်မကျတာဖြစ်ကြောင်းနဲ့ 
အဲ့ဒီပျောက်ဆုံးသွားတဲ့ မှော်ပညာကို ရှာဖို့ 
လမ်းပြကျောက်တုံးနဲ့ အတူ ခရီးထွက်လာတာဖြစ်ကြောင်း
ဧဒင့်ကို သူပြောပြတယ်

နောက်ပြီး 
ဧဒင့်ဆီကို သူရောက်လာတယ်ဆိုတာ
လမ်းပြကျောက်တုံးရဲ့ လမ်းညွှန်မှုကြောင့်ဖြစ်ကြောင်း
ပျောက်ဆုံးသွားတဲ့ မှော်ပညာကို ဧဒင်က ရှာပေးစေချင်ကြောင်း
သူ့ လက်ကို လမ်းပြကျောက်တုံးပေးအပ်ပြီး 
ပျောက်ကွယ်သွားတယ်....

သူများတွေ ပြောနေကြတဲ့ ကောလဟလတွေကို မယုံကြည်တဲ့ 
ဧဒင်ဟာ မှင်စာပြောတဲ့ မှော်ပညာကို ရှာဖို့ ၊
ခရစ္စမတ်ဘိုးဘိုးကြီးကို ကူညီပေးဖို့ 
သူငယ်ချင်းတစ်စုနဲ့ အတူ ခရီးထွက်ခဲ့ပါတော့တယ်....

ဒီကားလေးက ကလေးတွေအတွက်
မိန်းကလေးတွေအတွက် သင့်လျော်ပြီး 
ခရစ္စမတ်ကားလေးကို တမူထူးခြားတဲ့ပုံစံနဲ့  ရိုက်ပြထားတာမို့ 
အကောင်းကြီးမဟုတ်ရင်တောင်
ကြည့်ပျော်တဲ့ ကားလေးတစ်ကားပါ....

ခရစ္စမတ်နေ့ မှာ တင်ပေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးနိုင်ခဲ့တာပါ...
အားပေးလိုက်ကြပါဦး ခင်ဗျာ.... 

Large(1Gb)
Small(500Mb)


Sunday, December 16, 2018

Pataakha (2018) မြန်မာစာတန်းထို


Pataakha (2018)
မြန်မာစာတန်းထိုး

အိန္ဒိယ နဲ့ ပါကစ္စတန်စစ်ပွဲတွေအကြောင်းကို ရိုက်ထားတဲ့ အိန္ဒိယကားအတော်များများကို ကြည့်ဖူးကြလိမ့်မယ် ထင်ပါတယ်။
ဟုတ်ပါတယ်။
ဒီနှစ်နိုင်ငံက အစတုန်းက နိုင်ငံတစ်ခုတည်း ဖြစ်ပြီး ကွဲထွက်သွားပြီး နောက်ပိုင်း
စစ်ဖြစ်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း 70 ကျော်လာခဲ့ပြီတဲ့။
ဒီလိုအချိန်တွေကြာမြင့်လာခဲ့ပေမယ့်
ပါကစ္စတန်ဘက်က စစ်ဖြစ်စေမယ့်အကြောင်းအရင်းတွေကို တစ်ခုပြီးတစ်ခု မရိုးနိုင်အောင် ရှာနေကြဆဲဆိုပဲ။
အခုဇာတ်ကားမှာတော့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲအကြောင်းကို ကြည့်ရမှာ မဟုတ်ပဲ
မိသားစုတစ်ခုထဲကနေ တစ်အူတုံဆင်းမွေးဖွားလာခဲ့ကြတဲ့ ညီအမနှစ်ယောက်ကြားက ရိုးအီမသွားနိုင်တဲ့ အိမ်တွင်းရေး စစ်ပွဲတွေအကြောင်း ဖြစ်ပါတယ်။
ဒီနှစ်ယောက်က ဘယ်ဘဝကတည်းက မျက်နှာကြောမတည့်ခဲ့သလဲတော့ မပြောတတ်ပါဘူး။
တွေ့ လိုက်တာနဲ့ နည်းနည်းမှကို အတိမ်းအစောင်း အမှားအယွင်းမခံပဲ 
တစ်ဦးကိုတစ်ဦး ပုတ်ခတ်ဖို့၊ အနိုင်ယူဖို့ ကြိုးစားနေတတ်ကြပါတယ်။
မိမိမှာ ညီအကိုမောင်နှမ ရှိတယ်ဆိုရင်
ကိုယ့်ငယ်ဘဝကိုတောင် သတိရပြီး၊
ညီအကိုမောင်နှမတွေနဲ့ ငယ်ငယ်က ရန်ဖြစ်ခဲ့ချိန်တွေကိုပါ ပြန်အမှတ်ရစေမှာပါ။
ဒီကားမှာ ထူးခြားတာ တစ်ခုက
ညီအမနှစ်ယောက်ရဲ့ ဖခင်အဖြစ်
သရုပ်ဆောင်တဲ့ သဘာဝမင်းသားကြီး
Vijay Raaz ဖြစ်ပါတယ်။
ကျွန်တော်သိရသလောက် သူရိုက်တဲ့ကားတွေဟာ ခံစားမှု ရသတစ်ခုခုကို
ရင်ထဲမှာ ကျန်ရစ်စေပြီး သူများနဲ့ မတူတဲ့ ဇာတ်လမ်းလေးတွေ ဖြစ်နေတတ်တာပါ။
2014 ခုနှစ်က သူရိုက်ခဲ့တဲ့ Kya Dilli Kya Lahore လို ကားမျိုးကိုကြိုက်တဲ့
ကျွန်တော်ဟာ ဒီကားလေးကိုလည်း
ကြိုက်မိပြန်ပါတယ်။

    "ထပ်ဆင့် အညွှန်း"

အိုကေ....
သာမန်ချစ်ကြိုက်ညားကွဲ ဇာတ်လမ်းတွေထဲက
ခဏ ခွဲထွက်ရအောင်.... ။

ဒီဇာတ်ကားလေးက ဘဝသရုပ်ဖော် ဇာတ်ကားလေး တစ်ကားပါ။
ပါကစ္စတန်နဲ့ အိန္ဒိယတို့လို ငြိမ်းချမ်းရေးမယူကြတဲ့
ညီအစ်မနှစ်ယောက် ဇာတ်လမ်းလေး။

နေ့စဉ် ရန်ဖြစ်၊ စကားများ ၊ မာနပြိုင်တတ်တဲ့
သူတို့မှာ မိခင်ဆုံးသွားပြီးကတည်းက
ဖခင်နဲ့ အတူ နေထိုင်ခဲ့ပါတယ်။

ဖခင်ဟာ သာမန် ကျောက်တွင်း စီးပွားရေးသမားတစ်ယောက်ပါ။

တနေ့မှာတော့ ကျောက်တွင်းမှာ ပြဿနာပေါ်တော့... 
ဖခင်ဟာ အကြွေးတွေ ယူခဲ့ရပါတယ်။
ဒီအကြွေးတွေကို ပြန်ဆပ်ဖို့... 
ဖခင်ဟာ ဘယ်လို အလုပ်လုပ်မလဲ? ။
သမီးတွေကရော ဘယ်လောက်ထိ အားကိုးရမလဲ?
ဒါပေမဲ့ ဖခင်စီစဉ်ထားတဲ့ အကြွေးပြန်ဆပ်မယ့် ကိစ္စဟာ
သမီးတွေရဲ့ မာနပြိုင်မှုကြောင့်
ပြိုလဲသွားခဲ့ပါတယ်။

ဒီလိုနဲ့... ဘဝကို ကြံ့ကြံ့ခံ ရင်ဆိုင်ရတဲ့ဖခင်၊
မာနခဲ သမီးနှစ်ယောက်၊
အိမ်ထောင်ကျသည့်တိုင်အောင်
ပြာပုံထဲက မတက်နိုင်တဲ့ ညီအစ်မနှစ်ယောက်
ဘဝကို အပြိုင်အဆိုင်ရုံးကန် ဖြေရှင်းရင်း...

မာနပြိုင်ကြရင်း... မာနတွေက သူတို့ကို 
တဖန် ပြန်ပြီး ဒဏ်ခတ်မယ်ဆိုတာ 
ဘယ်သူ သိမှာလဲ? 

ဒီလိုနဲ့ ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ရင်ဆိုင်ပြီး
သူတို့ အိပ်မက်တွေ ပြည့်ဝသွားပုံတွေကို
သဘာဝကျကျ တင်ပြထားပါတယ်။


-----------------------

အညွှန်းနှင့် ဘာသာပြန် တင်ဆက်သူတွေက MLMC က ရှီးဖော်နှစ်ယောက်ဖြစ်တဲ့ အင်န်အင်န်နိုင်းနဲ့ မြင့်သူ ဖြစ်ပါတယ်။

Small (650Mb)

Large (1.25Gb)


K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...

လူကြိုက်များသော ပို့စ်များ