Bunny The Hero(2005)
မြမြန်မာစာတန်း
ဒီတစ်ခေါက်တော့
မင်းသားချော အာလူအာဂျွန်းရဲ့
Old But Gold အက်ရှင်ကားကောင်းတစ်ကားကို ညွှန်းပါရစေ
ဘန်နီဟာ ငယ်စဉ်ကတည်းက မွေးစားမိခင်နဲ့အတူ
နေခဲ့ရသူတစ်ယောက်
ကိုယ်တိုင်အမွေးစားခံမှန်းမသိရှာတဲ့ ဘန်နီတစ်ယောက်
ကောလိပ်ကိုရောက်လာတော့ ကာဂျယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ မေတ္တာမျှမိကြတယ်
ထူးဆန်းတယ်လို့ပြောရလေမလား
တိုက်ဆိုင်တယ်လို့ပြောရမလား
ထောင်ကျနေတဲ့ဖခင်ဖြစ်သူ လွတ်လာတဲ့တစ်နေ့မှာ
သူ့ဘဝအမှန်အကြောင်းကို ပြောပြလိုက်တဲ့အခါ. . .
သူဟာ သာမာန်လူတစ်ယောက်မဟုတ်. . .စိတ်ကောင်းနှလုံးကောင်းရှိပြီး ဆင်းရဲသားတွေဘက်ကရပ်တည်ပြီး ရပ်ရွာအကျိုးသယ်ပိုးသူ
ဘာမထီဘွား
သူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပြီး. . .သူ့ အဖေသေခဲ့ရပုံကအစ. . .လုပ်ကြံခံလိုက်ရတဲ့အထိ အသေးစိပ်သိလာရပါတယ်
လုပ်ကြံသူဟာ သူ့အဖေညီမရဲ့ယောက်ျား(သူ့ဦးလေး)ဖြစ်နေမှန်းသိရပြီး ဆင်းရဲသားတွေအတွက် ရည်စူးလှူဒါန်းထားတဲ့ မြေယာနဲ့စည်းစိမ်တွေကိုပါ
ဦးလေးဖြစ်သူက အပိုင်သိမ်းထားမှန်း သိလိုက်ရတဲ့အခါ. . .
လက်စားချေဖို့ 
ဘာတွေဆက်လုပ်မလဲ. . .
သူ့အဖေစည်းစိမ်တွေကိုရော
ဆင်းရဲသားတွေအတွက် ရအောင်ပြန်ယူပေးနိုင်မလား
စိတ်လှုပ်ရှားဖွယ်
အသတ်အပုတ်ကြိုက်တဲ့ ပရိတ်သတ်ကြီး သဘောတွေ့စေမယ့်
ဟောင်းပေမယ့် ကောင်းနေဆဲ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း. . .
Gdrive
Large(800Mb)
Small(500Mb)