Sunday, June 24, 2018
Aalwar (Mera Farz in Hindi) 2007 မြန်မာစာတန်းထိုး
Aalwar (Mera Farz in Hindi) 2007
မြန်မာစာတန်းထိုး
သာယာလှတဲ့ မနက်ခင်းတစ်ခု
နေထွက်ခါစအချိန်....
တမီးလ်နာဒူးရဲဌာနရဲ့  ရဲမင်းကြီးရုံးအရှေ့ မှာ 
အထူးလေ့ကျင့်ထားတဲ့ ခွေးကြီးတွေ
ဂဏာမငြိမ်ဖြစ်နေပါတယ်
တစ်ခုခုတော့ ထူးခြားနေပြီထင်ရဲ့ 
ထင်တဲ့အတိုင်းပါပဲ
မနေ့ က စခန်းကို သဲလာပို့ တဲ့ ကားကြီးတစ်စီးကို 
ခွေးအုပ်ကြီးက ထိုးဟောင်နေကြတာပါ
ကားပေါ်တက်ပြီး ရှာဖွေကြည့်လိုက်တဲ့အခါ
သဲထဲမှာ မြှုပ်ထားတဲ့ လူသေအလောင်းသုံးလောင်း....
ဘယ်သူဘယ်ဝါတွေမှန်း မသိရပေမယ့်
ဒါဏ်ရာတွေကို ကြည့်လိုက်တာနဲ့ 
ရက်ရက်စက်စက် အသတ်ခံထားရတယ်ဆိုတာ 
အလွယ်တကူ သိနိုင်ပါတယ်
ရဲမင်းကြီး ဒေါသူပုန်ထသွားတယ်
အတင့်ရဲလိုက်တဲ့ လူသတ်သမား
ဒင်းကို အလွတ်မပေးဘူး
အမိအရဖမ်းပြီး ထောင်ထဲထည့်မယ်
ချက်ချင်းပဲ စခန်းမှာ ရှိရှိသမျှ ရဲမှူးတွေ
စုံစမ်းရေးမှူးတွေ..လက်ထောက်စုံစမ်းရေးမှူးတွေက အစ
တပ်သားပါ မကျန်
အစည်းအဝေးခေါ်ပြီး 
ကျူးလွန်သူ လူသတ်သမားကို 
ဖော်ထုတ်ဖမ်းဆီးဖို့ အမိန့် ပေးလိုက်ပါတယ်
ဒါ ဇာတ်လမ်းရဲ့ အစပါ...
ဇာတ်လမ်းစပါပြီဆိုကတည်းက 
ပဟေဠိဆန်ဆန်နဲ့ စတင်ပြီး 
ဖိုက်ကွက်အလန်းစားတွေ ကင်မရာအယူအဆကောင်းကောင်းနဲ့ 
တင်ဆက်မှုတွေ
ခိုင်မာသပ်ရပ်တဲ့ ဇာတ်အိမ်နဲ့ 
ထိုင်ရာမထ ကြည့်ချင်တဲ့စိတ်ကိုဖြစ်ပေါ်စေမှာဖြစ်သလို
အာဂျီးကူးမားရဲ့ 
ငယ်ဘ၀မှတ်တိုင် အက်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်
သူ့ ရဲ့ ဖျက်လတ်တဲ့ လှုပ်ရှားမှုတွေနဲ့ 
ကြိုးစားမှုတွေကို တွေ့ မြင်ရဦးမှာဖြစ်ပါတယ်
Genre: Action
Run Time:152mins
Release Date:12th Jan 2017
Cast:Ajith Kumar,Asin
Spoken Language:Tamil
Resolution:1280×720p
File Size: 650Mb/1.2Gb(DVDRip)
Subtitles Synced & Encoded By
Myint Thu(MLMC)
ကျေးဇူးတင်ပါသည်. . .
Large(Gdrive)
Small(Gdrive)
Monday, June 11, 2018
Anukshnam 2014 မြန်မာစာတန်းထိုး
Anukshnam 2014
မြန်မာစာတန်းထိုး
IMDb ratings:7.7/10
Genre:Crime,Thrillor
Run Duration:82mins
Released Date:13th Sep 2014
Spoken Language:Telegu
File Size:600Mb(720p/HDRip)
လူသတ်မှုတစ်ခုဖြစ်ပြီဟေ့ဆို
ပုံမှန်ဆို ရဲတစ်ယောက်က 
အမှုကိုစစ်ဆေးမယ်. . .
အချက်အလက်တွေစုမယ်
သက်သေအထောက်အထားရှာမယ်
ဒီကြားထဲမှာ လူသတ်သမားရဲ့ 
လူသတ်ရခြင်း ရည်ရွယ်ချက်ကို သိရပြီဆို 
ထပ်ဖြစ်လာနိုင်တဲ့ 
နောက်ဆက်တွဲ အမှုတွေကို 
တားဆီးနိုင်မယ်. . .
တရားခံကိုဖမ်းဆီးပြီး 
အပြစ်ပေးနိုင်မယ်ပေါ့. . .
ဒါက ပုံမှန်စိတ်အနေအထားမျိုးနဲ့ 
လူသတ်တတ်တဲ့ လူသတ်သမားတွေကို 
ရဲတွေ အမှုလိုက်တဲ့ပုံစံ. . .
အကယ်၍များ လူသတ်သမားဟာ
သမရိုးကျ လူသတ်သမားတွေလို မဟုတ်ပဲ
ရည်ရွယ်ချက်မဲ့ သတ်တာဖြတ်တာမျိုး
ဆိုရင်ရော. . .
ဒါမှမဟုတ်
လူသတ်ရတာကို စိတ်ပျော်မွေ့လို့ လုပ်တာဆိုရင်ရော. . .
ရဲတစ်ယောက်အနေနဲ့ 
ဘယ်လိုများ အဖြေရှာမလဲ. . .
တရားခံကို ဘယ်လိုဖမ်းမလဲ. . .
ကြိုတင်ခန့်မှန်းလို့ မရတဲ့ 
လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို 
ဘယ်လိုတားဆီးမလဲ. . .
အဲ့ဒီအချက်တွေအားလုံးကို
ဒီကားမှာ ပြထားတယ်. . .
တမီးလ်နာဒူးပြည်နယ်မှာ 
မိန်းကလေးတွေ ပျောက်ဆုံးတယ်
တစ်ယောက်စ နှစ်ယောက်စကနေ
အရေအတွက်များလာတယ်
ပျောက်ဆုံးပြီးလို့ 
နောက်တစ်ရက်နှစ်ရက်ကြာရင်
အဲ့ဒီမိန်းကလေးတွေရဲ့ အလောင်းတွေကို
လူသူအရောက်အပေါက်နည်းပါးတဲ့ 
နေရာတွေမှာ 
တစ်ပိုင်းတစ်စစီ တွေ့ရတတ်တယ်. . .
ဒီလိုအမှုမျိုးကို 
ရဲတစ်ယောက်ကိုင်တွယ်ဖြေရှင်းပုံကို 
စိတ်ဝင်စားဖို့ကောင်းအောင် 
ရိုက်ပြထားတယ်. . .
ပုံမှန်တွေ့ မြင်နေကျမဟုတ်တဲ့
တင်ဆက်ပုံကို ဒီကားမှာ
မြင်ရပါလိမ့်မယ်. . .
အကြိုက်တွေ့ မှာ သေချာပါတယ်
Subtitles Credit DMO Entertainment
Suntitles Synced & Encoded By
Myint Thu(MLMC)
Gdrive(600Mb)
Friday, June 8, 2018
Bunny The Hero(2005) မြမြန်​မာစာတန်း
Bunny The Hero(2005)
မြမြန်​မာစာတန်း 
ဒီတစ်​​ခေါက်​​တော့
မင်းသား​ချော အာလူအာဂျွန်းရဲ့
Old But Gold အက်​ရှင်​ကား​ကောင်းတစ်​ကားကို ညွှန်းပါရ​စေ
ဘန်​နီဟာ ငယ်​စဉ်​ကတည်းက ​မွေးစားမိခင်​နဲ့အတူ
ကိုယ်​တိုင်​အ​မွေးစားခံမှန်းမသိရှာတဲ့ ဘန်​နီတစ်​​ယောက်
ကောလိပ်​ကို​ရောက်​လာ​တော့ ကာဂျယ်​ဆိုတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ ​မေတ္တာမျှမိကြတယ်
ထူးဆန်းတယ်​လို့​ပြောရ​လေမလား
တိုက်​ဆိုင်​တယ်​လို့​ပြောရမလား
ထောင်​ကျ​နေတဲ့ဖခင်​ဖြစ်​သူ လွတ်​လာတဲ့တစ်​​နေ့မှာ
သူ့ဘဝအမှန်​အ​ကြောင်းကို ​ပြောပြလိုက်​တဲ့အခါ. . .
သူဟာ သာမာန်​လူတစ်​​ယောက်​မဟုတ်​. . .စိတ်​​ကောင်းနှလုံး​ကောင်းရှိပြီး ဆင်းရဲသား​တွေဘက်​ကရပ်​တည်​ပြီး ရပ်​ရွာအကျိုးသယ်​ပိုးသူ
ဘာမထီဘွား
သူ​ဌေးကြီးတစ်​​ယောက်​ရဲ့သားဖြစ်​​နေပြီး. . .သူ့ အ​ဖေ​သေခဲ့ရပုံကအစ. . .လုပ်​ကြံခံလိုက်​ရတဲ့အထိ အ​သေးစိပ်​သိလာရပါတယ်
လုပ်​ကြံသူဟာ သူ့အ​ဖေညီမရဲ့​ယောက်ျား(သူ့ဦး​လေး)ဖြစ်​​နေမှန်းသိရပြီး ဆင်းရဲသား​တွေအတွက်​ ရည်​စူးလှူဒါန်းထားတဲ့ ​မြေယာနဲ့စည်းစိမ်​​တွေကိုပါ
ဦး​လေးဖြစ်​သူက အပိုင်​သိမ်းထားမှန်း သိလိုက်​ရတဲ့အခါ. . .
လက်​စား​ချေဖို့ 
ဘာ​တွေဆက်​လုပ်​မလဲ. . .
သူ့အ​ဖေစည်းစိမ်​​တွေကို​ရော
ဆင်းရဲသား​တွေအတွက်​ ရ​အောင်​ပြန်​ယူ​ပေးနိုင်​မလား
စိတ်​လှုပ်​ရှားဖွယ်
အသတ်​အပုတ်​ကြိုက်​တဲ့ ပရိတ်​သတ်​ကြီး သ​ဘော​တွေ့​စေမယ့်
ဟောင်း​ပေမယ့်​ ​ကောင်း​နေဆဲ ဇာတ်​ကားတစ်​ကားဖြစ်​ပါ​ကြောင်း. . .
Gdrive
Large(800Mb)
Small(500Mb)
Thursday, June 7, 2018
Rekka (2016) မြန်မာစာမြန်မာစာ
Rekka (2016)
မြန်မာစာမြန်မာစ
IMDb ratings:4.9/10(based on 493 ratings)
Genre:Action
Run time:141mins
Released Date:7th Oct 2016
Spoken Language:Tamil(South India)
        * ဇာတ်လမ်းအကျဉ်း *
ချာလီယန်းနဲ့ ဒေးဗစ်က ရန်သူတွေ
စစချင်း ဆောက်နဲ့ထွင်းဆိုသလို ဇာတ်လမ်းအစမှာ ချာလီယန်းက ဒေးဗစ်ကိုဖမ်းထားပြီး
ဒေးဗစ်ရဲ့ညီကို သတ်ပစ်လိုက်တယ်
ဒီအချိန်ကစပြီး ဒေးဗစ်ဟာ 
လက်စားပြန်ချေဖို့ သန္နဌာန် ချလိုက်တယ်
ဒီအချိန့မှာ သူတို့းကြားကို ဘုမသိဘမသိ ဝင်လာသူက ရှီဗာ. .
ရှီဗာက ပျော်ပျော်နေတတ်ပြီး ချစ်သူစုံတွဲတွေကို ပေါင်းစည်းရအောင် ကူညီပေးတဲ့ မြားနတ်မောင်သွေးပါတဲ့သူ. . .
ဒေးဗစ်နဲ့ မင်္ဂလာဆောင်မယ့် ကောင်မလေးတစ်ယောက်ကို မင်္ဂလာပွဲကနေ ရှီဗာခေါ်ထုတ်သွားတယ်
ကောင်မလေးကို သူ့ ချစ်သူလက် အပ်လိုက်တယ်
အကြောင်းစုံသိသွားတဲ့ ဒေးဗစ်က မိအေးနှစ်ခါနာဖြစ်ပြီး ရှီဗာ့ကိုပါ ရန်ပြုဖို့ လုပ်လာတယ်. . .
ရန်သူကြီးနှစ်ယောက်ရယ်
အဆုံးမသတ်နိုင်တဲ့ ရန်ငြိုးတွေရယ်
အဖြူထည်သက်သက် ရှီဗာ့အနားကို ရောက်လာတဲ့ မာလာဆိုတဲ့ မိန်းကလေးရယ်. . .
ဒီလောက်ဆိုရင်
ဇာတ်လမ်းကျောရိုးမိသွားပြီဖြစ်သလို
ဖိုက်တင်ပြကွက်တွေနဲ့ ဇာတ်လမ်းအပြည့်အစုံကို
တဝေတဆာကြီး ခံစားဖို့ လုံလောက်ပြီလို့ ထင်ပါတယ်. . .
ကြမ်းသလားတော့ မမေးပါနဲ့
ဖွတ်အမြီး ဆွဲပြီး လိုက်ရသလိုပါပဲ
😂
မကြာမီ လာမည် မျှော်
(စကားလုံးအပြောင်အပျက်တွေပါနေရင်
Translator ကို ဆဲပါ
ပြင်တော့ ပြင်တာပဲ
အစအဆုံးမို့ အချိန်မပေးနိုင်လို့. . .)
ကျေးဇူးတင်ပါသည်
Gdrive
Large(1.04G)
Gdrive
Small(550Mb)
Monday, June 4, 2018
Ontari 2008 မြန်မာစာတန်းထိုး
Ontari 2008
မြန်မာစာတန်းထိုး 
IMDb ratings:5.8/10
Genre:Action,Romance
Run Time:
Released Date:14th Feb 2008
File Size:500Mb/1.04G
Type:DVDRip 720p
Spoken Language:Telugu
Encoder:Myint Thu(Movie Like-Movie Choice)
ဒီတစ်ခေါက်တော့
မင်းသား Gopichand ရဲ့ အက်ရှင် ကားဟောင်းလေးတစ်ကား
တင်ဆက်ပေးလိုက်ပါတယ်. . .
မင်းသား Gopichand ဟာ
ဗာဟုဗလီမင်းသား
မာဟစ်ရှ်ဘာဘူတို့ကားတွေမှာ လူကြမ်းသရုပ်ဆောင်အနေနဲ့ ဟိုးယခင်က
အမြဲ ပါတတ်ပေမယ့်
အခုတော့ ကိုယ်တိုင်မင်းသားအဖြစ် 
နာမည်တစ်လုံး ရလာခဲ့တာ ကြာပါပြီ
အရင်က FOFမှာ သူ့ ကား နှစ်ကား တင်ပေးခဲ့ဖူးပါတယ်
မှတ်မိတဲ့သူတွေ ရှိပါလိမ့်မယ်
တစ်ခုပြောလိုတာက ကျွန်တော့်ပေ့ခ်ျက
အိန္ဒိယကားပေ့ခ်ျလို ဖြစ်နေပါပြီ. . .
အဲ့ဒါကြောင့် နောက်ဆိုရင်
တောင်ပိုင်း မင်းသားမင်းသမီးတွေရဲ့
Biography,Filmograpgy
စတာတွေကို အလျဉ်းသင့်သလို တင်ဆက်ပေးဦးမှာပါ. . .
ကဲ များသွားပြီ
ဇာတ်ကားအကြောင်း ဆက်ရအောင်. . .
ဇာတ်ညွှန်း
သဘောမနောကောင်းပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ရှိတယ်
သူ့ နာမည်က ဗန်ဆီးတဲ့
သူတို့​နေတဲ့မြို့က ဆရာလားလ်​ဆိုတဲ့
လူမိုက်​​ခေါင်း​ဆောင်​ရဲ့ညီနဲ့ 
ဗန်ဆီးပြဿနာတတ်​တာက စပြီး
ဗန်​ဆီးဘဝကိုဘယ်​​လောက်​ထိ ကံဆိုးမိုး​မှောင်​ကျသွား​စေမလဲ။
ဗန်​ဆီးရဲ့ အားသာချက်​ဖြစ်​တဲ့ သူတို့မိသားစုဝင်​​ နိုင်​ငံ​ရေးလုပ်​​နေတဲ့ 
မွေးစားသား ရာ့ဂ်​ဗားကို 
လူမိုက်​လားလ်​တို့က 
ဝန်​ကြီးချုပ်​​နေရာ​ပေး 
လာဘ်​ထိုးတာ ဘယ်​​လောက်​အထိ ထိ​ရောက်​မလဲ။ 
သူ့ ရဲ့ ပျော်​စရာ​ကောင်းတဲ့
မိသားစု​ဘဝ​လေး
ရက်​ရက်​စက်​စက်​ ရိုက်​ချိုးခံခဲ့ရတဲ့အပြင်​ မင်္ဂလာ​ဆောင်​ခါနီးအချိန်​က​လေးမှာ
သူ့ ချစ်​သူ ဘူဂျီးကို ပြန်​​ပေးဆွဲသွားတာခံရတဲ့ 
ဗန်​ဆီးရဲ့ နာကျဉ်းတဲ့တုံ့ပြန်​ချက်​​တွေကို 
စိတ်​ဝင်​တစား​စောင့်​ကြည့်​ရမှာပါ။ 
ဇာတ်​ကားလေးက
ဟာသအနည်းငယ်​​နှောပြီး
တစ်​ထိုင်​တည်းအပြီးထိကြည့်​ချင်​စိတ်​ကို ဆွဲ​ခေါ်သွားမှာ​ သေချာပါတယ်​။
ဘာသာပြန်နှင့်အညွှန်းကိုတော့
ကွီးဟန်က ကူညီပေးထားတာပါ
ဤဇာတ်ကား တင်ဆက်ခွင့်ပြုသည့်
SWW Entertainment ကိုလည်း
ကျေးဇူးအထူး တင်ရှိပါသည်. . .
သတိ
လင့်ခ်ပျက်နေပါသည်
ပြန်ချိန်ပေးပါမည်
Gdrive
Small(500mb)
Gdrive
Large(1.04G)
K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး
(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...
လူကြိုက်များသော ပို့စ်များ