Unicode
Neeya 2 (2019)
မြန်မာစာတန်းထိုး
ဒဏ္ဍာရီလာ အီချာဒါရီမြွေတွေအကြောင်းကို ရိုက်ကူးထားတဲ့
အသစ်စက်စက် ရုံတင် အိန္ဒိယဇာတ်ကားကောင်း
ဇာတ်လမ်းအကျဉ်း
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက
အရှင်ကန်နန်းကို မိစ္ဆာဖြစ်တဲ့ ကာလီဂန်က
ခေါင်းတွေအများကြီးပါတဲ့ မြွေကြီးအသွင်ပြောင်းပြီး နှောက်ယှက်ခဲ့တယ်။
ဒီတော့ အရှင်ကန်နန်းက ကာလီဂန်ရဲ့ခေါင်းပေါ်ကိုတက်ပြီး
ကာလီဂန့်ကို အနိုင်ယူလိုက်တယ်။
သေခါနီးအချိန်မှာ ကာလီဂန်က အရှင်ကန်နန်းကို တောင်းပန်ပြီး
အသွင်မျိုးစုံ ပြောင်းလဲနိုင်တဲ့ မြွေအဖြစ်နဲ့ဆက်ပြီး နေထိုင်နိုင်ဖို့၊
လူသားအဖြစ်နဲ့ နေထိုင်နိုင်ဖို့ ဆုပန်လိုက်တယ်။
ဂရုဏာရှင် အရှင်ကန်နန်းကလည်း ခွင့်ပြုပေးလိုက်တယ်။
ခွင့်ပြုပုံက
သူတို့ဟာ နေ့ခင်းဘက်မှာ လူသားအသွင်နဲ့နေထိုင်ပြီး ၊
ညဘက်ကိုရောက်ရင် အီချာဒါရီမြွေတွေအဖြစ်နဲ့နေထိုင်ရမယ်။
ဒီကျိန်စာကို ပျက်ပြယ်စေချင်တယ်ဆိုရင်တော့
၁၂နှစ်တကြိမ်သာ ကျရောက်တဲ့ လပြည့်နေ့
(မဟာချီထရာ ပုဏ္ဏမီသာ အခါတော်နေ့)ကျရင်
အီဒါချာရီမြွေမောင်နှံ(အဖို + အမ)တွေဟာ
အရှင် နာဂါးနာသားချီးမြှင့်တဲ့ ချည်ကြိုးကို ယူပြီး
မြင့်မြတ်တဲ့ ရေကိုချိုး ၊ မြင့်မြတ်တဲ့ အ၀တ်အစားတွေကို
ဆင်မြန်းပြီး အရှင် နာဂါးနာသားကို ပူဇော်ရမယ်။
ဒီလိုပူဇော်မှသာ လူသားအသွင်ကို ရရှိပြီး
တစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မယ်တဲ့။
အဲ့ဒီအချိန်ကစပြီး ကာလီဂန်ရဲ့ ဆွေစဉ်မျိုးဆက်တွေဟာ
အီချာဒါရီမြွေတွေအဖြစ်နဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နေထိုင်လာခဲ့ကြတယ်။
ကံကြမ္မာဆိုတာကြီးက ဆန်းကြယ်သား...
အီချာဒါရီမြွေအဖိုနဲ့အမအဖြစ် ဖန်ဆင်းမယ့်အစား
မြွေတစ်ကောင်နဲ့လူသားတစ်ယောက်ကို ဖူးစာ ဆုံပေးလိုက်တယ်။
ဒီလိုနဲ့
မျက်မှောက်ခေတ်ကို ရောက်တဲ့အခါ
အီဒါချာရီမြွေမ မာလာဟာ
လူ၀င်စားဖြစ်နေတဲ့ သူ့ခင်ပွန်းကို လိုက်ရှာပါတော့တယ်။
ဇာတ်လမ်းကို ဒီထက်ပြောပြလိုက်ရင်
ကြည့်တဲ့သူအတွက် ပေါ့သွားမှာစိုးလို့
ဒီလောက်နဲ့ပဲ ရပ်ပါရစေ ။
ရာဇ၀င်ကားတွေ ၊ မြွေကားတွေကို ကြိုက်တဲ့သူတင် မကပါဘူး။
ထူးဆန်းတဲ့ ဇာတ်လမ်းမျိုးတွေကို ကြိုက်တဲ့သူတွေပါ
ဒီကားကို ကြိုက်ကြလိမ့်မယ် ထင်ပါတယ်။
ဇာတ်လမ်း တော်တော်လေး ကောင်းပါတယ်။
ကဲ အားပေးလိုက်ကြပါဦး ခင်ဗျာ....။
Zawgyi
Neeya 2 (2019)
မြန်မာစာတန်းထိုး
ဇာတ်လမ်းအကျဉ်း
ခွင့်ပြုပုံက
ဒီလိုနဲ့
720p WEB-DL 1.04GB
Google Drive Links
DFS Link