Airaa (2019) မြန်မာစာတန်းထိုး
ဒီတစ်ခါတော့ တောင်ပိုင်းမင်းသမီးတွေထဲမှာ အနုပညာ ကြေးအမြင့်ဆုံးမင်းသမီးတွေထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ Nayanthara(နာယန်သရာ)ရဲ့
ဒီတစ်ခါတော့ တောင်ပိုင်းမင်းသမီးတွေထဲမှာ အနုပညာ ကြေးအမြင့်ဆုံးမင်းသမီးတွေထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ Nayanthara(နာယန်သရာ)ရဲ့
လောလောလတ်လတ် ထွက်ရှိလာခဲ့တဲ့.Drama,Mystery ကားလေးနဲ့
မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးကို မြန်မာနိုင်ငံက
တစ်ချို့ ရုပ်ရှင်ရုံတွေမှာ ရုံတင်သွားတာမို့
ရုံတင်ရုပ်ရှင်ကားလို့ ဆိုရမှာပါ။
ဇာတ်လမ်းအကျဉ်း
Yamuna(ယမုံနာ)ဆိုတဲ့ အသက်သုံးဆယ်ဝန်းကျင် မိန်းမပျိုတစ်ယောက်ဟာ
ရုပ်သံဌာနတစ်ခုမှာ အိမ်ထောင်ရေး၊အချစ်ရေး အကြံပေးအဖြစ် လုပ်ကိုင်နေသူပါ။
ဂျာနယ်လစ်ဆိုရင်လည်း မမှားပါဘူး။
အိမ်ထောင်ရေးကို စိတ်မဝင်စားတဲ့ ယမုံနာတစ်ယောက် မိဘတွေစီစဉ်ပေးသူကို မယူနိုင်တာကြောင့် ငယ်ငယ်က အတူတူနေခဲ့ဖူးနဲ့ အဘွားရှိရာ တမီးလ်နာဒူးပြည်နယ်အစပ်ကို လာခဲ့ပါတယ်။
ဒီလိုအချိန်မှာ ဒါရိုက်တာက
အာမူဒန်ဆိုတဲ့လူတစ်ယောက်
သူနဲ့ ပက်သက်သူတစ်ယောက်
သေဆုံးသွားတဲ့အမှုအတွက် လက်သည်တရားခံကို လိုက်လံစုံစမ်းနေတာကို
ဖြတ်ပြပေးပါတယ်။
တဖန် ယမုံနာ့အလှည့်ကို ရောက်တော့
ယမုံနာတစ်ယောက်
အဘွားဆီမှာနေရင်း သရဲဗီဒီယိုတွေရိုက်ကာ Youtube မှာ ငွေရှာပါတယ်။
သရဲတစ္ဆေတွေကို ရိုက်ကူးပြသတာမို့
ကြည့်ရှုသူ အရေအတွက် များပြားလာပြီး၊
အောင်မြင်လာပါတယ်။
ဒီလိုနဲ့ တည
ကြမ္မာငင်တဲ့ ညတညမှာတော့
ဥာဥ့်နက်တဲ့အထိ အလုပ်လုပ်နေတဲ့
ယမုံနာဟာ သူ့ရှေ့မှာ ရှိတဲ့ CCTV Monitor မှာ ထူးခြားမှုတစ်ခုကို တွေ့ လိုက်ပါတယ်။မျက်စိမမြင်တဲ့ သူ့ အဘွားဖြစ်သူကို တစ်စုံတစ်ခုက ခြေထောက်ကနေ ဆွဲခေါ်ယူသွားတာပါ။
စိတ်ပူပူနဲ့ အပြေးလိုက်သွားတဲ့အခါ
အိမ်အပြင်ကို ရောက်လာပါတယ်။
အဘွားဖြစ်သူကို ရှာမတွေ့ ပေမယ့်
သစ်ပင်တွေဟာ သူ့ကို ဝန်းရံလာပြီး
ကြိုးဆွဲချပြီး သေသွားကြတဲ့
အလောင်းတွေအများကြီးကို ယမုံနာ မြင်လိုက်ရပါတယ်။
ရိုးရိုးလေး ပြောရရင်တော့
ဒီကားက သရဲကားပါ။
ဒါပေမယ့် လှပတဲ့ နောက်ကြောင်းပြန် ပြကွက်၊ ဆိုးရွားလှတဲ့ လူတွေရဲ့ အယူသည်းမှု၊ရွံစရာကောင်းလှတဲ့ လူ့အတွင်းစိတ်သဘောတွေကို ဒါရိုက်တာက
အကောင်းဆုံး ရိုက်ကူးပြထားပါတယ်။
အစပိုင်းတော့ ဇာတ်လမ်းက ခပ်မြူးမြူးလေး သွားနေပေမယ့်၊ ဖြည်းဖြည်းချင်းလေးသာ ဇာတ်ရှိန်ကို မြှင့်တင်ထားတာပါ။
နာမည်ကြီး မင်းသမီး နာယန်သရာခေါင်းဆောင်ထားတယ်ဆိုတော့
ပြောစရာမလိုအောင် ကောင်းမွန်နေပြီးသားပါ။