Wednesday, July 11, 2018

Hello III (2017) မြန်မာစာတန်းထိုး

Hello III (2017)
မြန်မာစာတန်းထိုး

သင်ဟာ လူငယ်ဆန်ဆန်နဲ့ 
အချစ်အလွမ်း အကြမ်း 
ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်
ဒီကားလေးကို ကြည့်သင့်ပါတယ်

ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ 
ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .

မနက် 7:30 အချိန်ကို ရောက်တိုင်း 
ကောင်လေးတစ်ယောက် 
ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.
သူ့ မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်
တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ 
ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .
အဲ့ဒိအချိန် ရုတ်တရတ် 
သူ့ ဆီကို ဖုန်းဝင်လာလို့ 
ကောက်ကိုင်လိုက်တယ်
Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .
သူတက္ကစီခေါ်ထားလို့ 
ဖုန်းဆက်တာဖြစ်တဲ့အကြောင်း 
ဟိုဘက်က ပြောတယ်
သူကလည်း သူမခေါ်ထားကြောင်း 
ပြန်ရှင်းပြတယ်. . .
ရုတ်တရတ်. . .
အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .
ဖုန်းပြောနေရင်း
ဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .
သူဟိုးငယ်စဉ်ကတည်းက 
စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .
ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ 
သူကြားဖူးခဲ့တဲ့ အသံလေး. . .
သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . .
တစ်စုံတစ်ယောက်ရဲ့ တယောကနေ
လှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး 
ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး 
ထွက်ပေါ်လာနေတာ
ဟုတ်ပါရဲ့. . .

ဒီအသံလေးနားစွင့်ရင်း
သူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . .
ကြာခဲ့ပြီ
တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . .
တစ်စုံနစ်ခုကို သူ့နှလုံးသားထဲကနေ
မျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ 
14 နှစ်တောင် ရှိခဲ့ပြီပဲ. . .
. . .

ဇာတ်လမ်းသွားကိုတော့ 
အဲ့ဒီလိုလေး စထားတယ်. . .
ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . .
ရသစုံပါဝင်ပြီး 
တမေ့တမောခံစားရလောက်တဲ့အထိကို 
ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . .
အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင်
ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား
ဝမ်းနည်းဝမ်းန
အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့
ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. . .
ကျေးဇူးတင်ပါသည်. . .
မရိုစဖူး အရိုထူးတဲ့ 
ငှက်ကြီး 
😁😁😁

Genre: Action,Romance
IMDb ratings:7/10(based on 874 ratings)
Spoken Language:Telugu
File Size:1.2Gb/550Mb(HDRip)
Resolution:720p

Large 
Small


Thursday, July 5, 2018

Aake (She:In English) 2017 မြန်မာစာတန်းထိုး





Aake (She:In English) 2017
မြန်မာစာတန်းထိုး
မာယာဆိုတဲ့ နာမည်ကြီး သရဲရုပ်ရှင် တစ်ခုရှိတယ်
အဲ့ဒီရုပ်ရှင်ထဲမှာ ကလေးတစ်ယောက် မိခင်
မာယာဆိုတဲ့ အမျိုးသမီးဟာ မကျွတ်မလွတ်သေးပဲ
နာနာဘာဝဘုံကို ရောက်နေတယ်
အဲ့ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းအတိုင်း
အပြင်မှာ "မာယာ..နင့်ကလေး ငါ့ဆီမှာ မရှိပါဘူး"လို့ 
မှန်ရှေ့ မှာရပ်ရင်း သုံးကြိမ်ပြောလိုက်ရင်
ပြောတဲ့သူဟာ ညဘက်မှာ မာယာရဲ့ ခြောက်လှန့် ခြင်းကို
ခံရပါသတဲ့....
ဒါရိုက်တာ တစ်ယောက်က ဒီဇာတ်လမ်းကို အခြေခံပြီး
ရုပ်ရှင်တစ်ကား ပြန်ရိုက်ဖို့ လုပ်တယ်
နာမည်ကိုလည်း Aake(သူမ)လို့  နာမည်ပေးလိုက်တယ်
ဒါပေမယ့်လို့ မာယာ့အကြောင်း
ရိုက်ကူးနေတာဖြစ်တဲ့အတွက်
ရုပ်ရှင် စရိုက်ပါပြီဆိုကတည်းက
ရိုက်ကူးရေးအဖွဲ့ တွေ ပရိုဂျူဆာတွေ
စသဖြင့် တစ်ယောက်ယောက်တော့
ဘေးဆိုးရန်ဆိုးတွေ သင့်ကြတယ်
ဒီလိုဖြစ်လာချိန်မှာ
ရုပ်ရှင်ဟာ ရုံမတင်ရခင် တဖြည်းဖြည်း နာမည်ကြီးလာတယ်
အဆိုးဆုံးက ဖြန့် ချိရေးသမားတစ်ယောက်ကို
ရုပ်ရှင်ရုံထဲမှာ တစ်ယောက်တည်းထိုင်ခိုင်းပြီး
Aake ရုပ်ရှင် အစမ်းပြပေးနေချိန်မှာ...
ဖြန့် ချိရေးသမား သေဆုံးသွားခဲ့တယ်
တစ်စထက် တစ်စ ပိုနာမည်ကြီးလာတော့
ဒီရုပ်ရှင်ကို ဆက်ထုတ်လုပ်ဖို့  ဖြန့် ချိဖို့ အတွက်
ဖြန့် ချိရေးသမားတွေ ပရိုဂျူဆာတွေ လက်တွန့် လာချိန်မှာ
ဒါရိုက်တာကြီးမှာ အကြံတစ်ခု ရလာခဲ့တယ်
အဲ့ဒီအကြံက ဒီရုပ်ရှင်ကိုကြည့်ဖို့ အတွက်
ပြိုင်ပွဲတစ်ခု လုပ်ပေးဖို့ ....
ဒီရုပ်ရှင်ကို တစ်ယောက်တည်း ကြည့်ရမယ်
မျက်နှာမလွှဲရဘူး
ထမပြေးရဘူး
စသဖြင့်
ပြိုင်ပွဲမှာ စည်းကမ်းငါးချက်နဲ့  အတူ
အနိုင်ရခဲ့ရင် ဆုငွေ ငါးသိန်းပါ ချီးမြှင့်မှာ ဖြစ်တယ်...
ဒီလိုနဲ့  စီးပွားရေးအဆင်မပြေဖြစ်ပြီး
ခင်ပွန်းသည်နဲ့ ပါ အတူမနေပဲ
တစ်ယောက်တည်း သီးသန့် နေတဲ့
ကလေးတစ်ယောက်အမေ ရှာမီလာဒီဆယ်တစ်ယောက်
ပြိုင်ပွဲကို ၀င်ပြိုင်တဲ့အခါ.....
ကြည့်ပျော်ရှုပျော် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်...
ဇာတ်လမ်းအပြည့်အစုံကို
ဆက်လက်အားပေးလိုက်ကြပါဦး

IMDb ratings : 7.6/10

Genre : Horror,Mystery,Thrillor

Run Time : 132mins

Released Date : 30th June 2017

Spoken Language : Kannada

File Size:1G(Gdrive)

Translated By :MLMC TEAM

Encoded By :Myint Thu(MLMC)


Link 1

Link 2



K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...

လူကြိုက်များသော ပို့စ်များ