Wednesday, May 30, 2018

All in All Azhagu Raja(2013) မြန်မာစာတန်းထိုး

All in All Azhagu Raja(2013)
မြန်မာစာတန်းထိုး

ဒီတစ်ခေါက်တော့
အချစ်ဟာသ ဇာတ်ကားလေး တစ်ကားပေါ့ဗျာ
မင်းသားက Karthi
မင်းသမီးက နာမည်ကြီးမင်းသမီးလေး 
Kajal Aggarwal ပါ

ပေသုံးလုံးရုပ်သံလိုင်း ကုမ္ပဏီ တည်ခေါင်ထားတဲ့ အာဇာဂူးရာဂျားတစ်ယောက်
သူ့ ဝန်ထမ်း ကာယာနမ်းနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ရုပ်သံလိုင်းအတွက် ကြိုးစားသမျှ အချည်းနှီး ဖြစ်ရတာချည်းပါပဲ
ဒီအချိန်မှာပဲ မင်္ဂလာဆောင်တစ်ခုမှာ
အသံပြဲကြီးနဲ့ အော်ဟစ်နေတဲ့ ပရီယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းစငြိရာကနေ ဒီဇာတ်ကား ဖြစ်တည်လာပါတယ်. . .

အကောင်းစားကြီး မဟုတ်ပေမယ့်
အချစ်ကားကြိုက်တဲ့သူတွေအတွက်
ကြည့်ပျော်ရှုပျော်ရှိပြီး
ပျော်စရာလေးတွေပါဝင်တာကြောင့်
တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါတယ်. . .

ကျေးဇူးတင်ပါတယ်

ဆိုက်ဒ်အကြီးအသေး နှစ်မျိုးလုံး တင်ပေးထားပါသည်


Large (1Gb)

Small(700Mb)

Sunday, May 27, 2018

Sankarabharanam (2015) မြန်မာစာတန်းထိုး

Sankarabharanam (2015)

မြန်မာစာတန်းထိုး


IMDb ratings:5.1/10
Genre:Crime,Comedy,Romance
Run Time:151mins
File Format:mp4(720)
Size:1Gb
Link Type:Gdrive & Yandex

ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက်
ရယ်စရာ ပျော်စရာတွေနဲ့ စိတ်ဝင်စားစရာတွေကို ရောမွှေထားတဲ့ 
ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်. . .

အမေရိကားမှာနေတဲ့ ကောင်လေးတစ်ယောက်
သူ့ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကျရှုံးလာချိန်
နေရပ် အိန္ဒိယကိုပြန်ပြီး အမွေတောင်းရာမှ. . .
နေရပ်က သိုးငယ်အယောင်ဆောင်
ဒိတ်ဒိတ်ကြဲ လူဆိုးကြီးနဲ့ ပက်သက်တဲ့အခါ. . .
ဘာတွေဆက်ဖြစ်မလဲ အားပေးကြပါဦးလို့. . .

ကျေးဇူးတင်ပါတယ် 



Subtitles Synced & Encoded By
Myint Thu(Movie Like-Movie Choice)


Gdrive

Yandex

Saturday, May 26, 2018

Mercury (Silence Horror) 2018


Mercury (Silence Horror) 2018

သင်ဟာ သီချင်းလည်းမဆို၊ ကလည်းမက၊ စကားတစ်လုံးမှ 
မပြောမြေ India နိုင်ငံကရိုက်တဲ့ ဇာတ်ကားကို
 ကြည့်ဖူးပါသလား၊ ကျွန်တော်ကတော့ ဒီဇာတ်ကား
 မတိုင်ခင်ထိ အဲ့လိုကားမျိုး မကြည့်ဖူးခဲ့ဘူး၊
 ဒီဇာတ်ကားက India ရဲ့ ပထမဆုံးတော့ Silence Flim 
 လို့ ပြောလို့ရမယ်
 စေ့စေ့ပေါက်ပေါက် လေ့လာရင်တော့ လွန်ခဲ့သော ၃၂
 နှစ်ခန့်က တောလီးဝုဒ်က ရိုက်တဲ့ဇာတ်ကားတစ်ကားတော့
 ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ လုံးဝ စကားတစ်ခွန်းမှမပြောတာကတော့ ဒီဇာတ်ကားက ပထမဆုံးပဲ၊ 
 နောက်ပြီး အခု ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာလည်း
 ကေါလီးဝုဒ်ကပဲ ဖြစ်နေခဲ့တယ်၊
 ဒီနေရာမှာ ကောလီးဝုဒ်က ဘောလီးဝုဒ်ထက်
 ရှေ့ရောက်သွားတယ်လို့ ပြောလို့ရတယ်၊

 ဒါဆို ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုးလည်း.....

လှပပြီး အေးချမ်းသာယာတဲ့ တောင်ပေါ်မြို့လေးတစ်မြီု့က လွန်ခဲ့သော ၁၈ နှစ်က အဲ့ဒီ့မြို့လေးမှာ
အခြေစိုက်ထားတဲ့ စက်ရုံတစ်ရုံရဲ့ ပယောဂကြောင့် 
မာကျူရီအဆိပ်သင့်ပြီး လူပေါင်း ၈၂ ယောက်
သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ခဲ့တဲ့သူတွေကလည်း
အကြားအာရုံချို့တဲ့တာတွေ၊အမြင်အာရုံပျောက်ကွယ်သွားတာတွေ၊ ဆွံအနားမကြားဖြစ်တာတွေ အများကြီးခံစားခဲ့ရတယ်၊ 

ဒိလို ကိစ္စတွေဖြစ်ပြီး ၁၈ နှစ်အကြာမှာတော့ အဲ့ဒီမြို့လေးမှာ နှစ်စဉ်လုပ်နေကြ အမှတ်တရပွဲလုပ်ကြတယ်၊ 
ဒီမြို့လေးမှာနေထိုင်နေတဲ့သူတွေကော 
တစ်နယ်တစ်ကျေးရောက်နေတဲ့သူတွေပါလာခဲ့ကြတယ်၊
အဲ့ဒီထဲမှာ အရင်ကဒီမြို့လေးမှာနေထိုင်ခဲ့တဲ့
ဆွံအနားမကြားတဲ့ သူငယ်ချင်း ၅ ယောက်လည်း
အပါအဝင်ပေါ့၊

သူတို့နာမည်တွေက ဘယ်သူလည်းတော့မသိဘူး
သူတို့အဖွဲ့မှာ ယောကျာ်းလေး ၄ ယောက်နဲ့ မိန်းကလေး
၁ ယောက်ပါတယ်၊ အထိမ်းအမှတ်ပွဲလည်းအပြီး 
သူငယ်ချင်း ၅ယောက်ကလည်း ပျော်ပါးနေခဲ့ကြတယ်၊
သူတို့အဖွဲ့မှာပါတဲ့ ကောင်လေးတစ်ယောက်က
သူတို့ထဲက ကောင်မလေးကို ညကျရင် ချစ်ခွင့်ပန်ဖို့
စီစဉ်ထားတယ်၊ ဒါနဲ့ သူတို့သူငယ်ချင်းအုပ်စု 
တောင်ပေါ်တစ်နေရာသွားပြီး အောင်ပွဲခံကြတယ်၊
လမ်းမှာ အပြန် စနောက်နေရင် လမ်းကွေ့တစ်ခုမှ 
တစ်ခုခုကို တိုက်မိသွားခဲ့တယ်၊ 
ကားပေါ်ကဆင်းကြည့်တဲ့အချိန်မှာတော့ လူတစ်ယောက်
သေနေတာတွေ့ရတယ်၊ ကြောက်လန့်တစ်ခြားနဲ့ 
ရဲအမှုမပတ်အောင် အလောင်းဖျောက်ဖို့ ကြံစည်ပြီး
Mercury အဆိပ်သင့်နေတဲ့ စက်ရုံအဟောင်းမှာ 
အလောင်းကို သွားပစ်ခဲ့တယ်၊

ဒါပေမဲ့....

ကံဆိုးမှုတစ်ခုက ချိတ်ဆက်လာတဲ့အခါမှာတော့ 
သူတို့ သူငယ်ချင်း ၅ ယောက်လုံး အဲ့ဒီ့စက်ရုံကြီးဆီကို
တစ်ခေါက်ပြန်သွားရဖို့ ဖြစ်လာခဲ့တော့တယ်၊
ဒီတစ်ခေါက်သွားရတဲ့အချိန်မှာ ဘယ်လိုကံဆိုးမှုတွေ
ဘယ်လို ခြောက်လန့်မှုတွေ ဘယ်လိုသွေးပျက်မှုတွေ
ကြုံတွေ့ရမလည်းဆိုတာကတော့.....

ဒီဇာတ်ကားရဲ့ trailer ကို April First Week မှာ စတင်
ထုတ်လွှင့်ခဲ့ပြီး ရုပ်ရှင်ကိုတော့ April Third Week မှာ
ရုံတင်ပြသခဲ့တယ်၊ လက်ရှိနိုင်ငံတကာမှာ အောင်မြင်
ကျော်ကြားနေတဲ့ A Quite Place လို ဇာတ်ကားမျိုးနဲ့
နှိုင်းယှဉ်ပြီး ချီးကျူးခံနေရတဲ့ ဇာတ်ကားတစ်ကားလည်း
ဖြစ်တယ်၊ 

ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာက လက်ရှိ
ကောလီးဝုဒ်လောကမှ အသက်ငယ်ငယ်နဲ့ အောင်မြင်
နေတဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်တယ်၊
ဒီဇာတ်ကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီ
ကိုယ်တိုင်ရိုက်ကူးထားတယ်၊

ဇာတ်လမ်းပုံစံက horror ပုံစံထင်ရပေမယ့်
First Half မှာ romance & horror
Second Half မှာတော့ suspence & drama ဘက်
သွားတယ်၊ အဲ့လို စုံအောင်ရေးထားတဲ့ ဇာတ်ညွှန်းကြောင့်
ဇာတ်လမ်းက ကောင်းသင့်သလောက် မကောင်းခဲ့ဘူး၊
မူရင်း ပုံစံဖြစ်တဲ့ Silence Horror ဆိုရင် ဒီ့ထက်
ပိုကောင်းမယ်လို့ ယူဆရပါတယ်၊ 
ဒါပေမဲ့ အခုအနေထားကလည်း တော်တော်လေးကို
ကြည့်ပျော်ရှုပျော်ရှိပြီး entertain ဖြစ်ခဲ့ပါတယ်၊

အထူးတလည် ချီးကျူးလိုတာကတော့ စကားတစ်လုံးမှ
မပြောတဲ့ ဒီလိုဇာတ်ကားမျိုးမှာ ဇာတ်လမ်း tempo ကို
ပါးစပ်ကမပြောပဲ နောက်ခံတီးလုံးတွေနဲ့ ပုံဖော်သွားတဲ့
Background Music ကတော့ လုံးဝထိပ်တန်းပါပဲ၊
အဓိကသုံးသွားတဲ့ orchestra တီးလုံးတွေနဲ့ Piano
တီးလုံးတွေကရှယ်ပါ၊ တော်တော်လေးကောင်းသလို
ဇာတ်လမ်းကို အများကြီး ထောက်ပံပေးခဲ့နိုင်ခဲ့တယ်၊
အတုယူစရာပါပဲ၊ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ရင်တော့ 
ပိုကောင်းပါတယ်၊ အသံအသေးစိတ်ကအစ 
ကြားရတော့ ပိုမိုက်တာပေါ့၊ 

နောက်ထပ်သဘောကျတာက တောင်ပေါ်မြို့ရဲအလှနဲ့
စက်ရုံဟောင်းရဲ့ ဇာတ်ဝင်ခန်းတွေမှာ အကောင်းဆုံး
လက်စွမ်းပြထားတဲ့ DOP ကတော့ တကယ်ကို ကြမ်းပါ
တယ်၊ မင်းသားက မင်းသမီးကို ချစ်ခွင့်ပန်တဲ့အခန်းဆို
ရိုက်ထားတာ တကယ်မိုက်တယ်၊

နောက်ပြီး စက်ရုံဟောင်းထဲက ဇာတ်ဝင်ခန်းတွေမှာ 
သုံးထားတဲ့ mercury အရောင်လေးတွေကလည်း
ဇာတ်ကိုအများကြီးကြွလာခဲ့တယ်၊

စက်ရုံဟောင်းထဲမှာ စွန့်ပစ်ခံရတဲ့သူအဖြစ်သရုပ်ဆောင်
တဲ့ သူကတော့ Dance Movies ဖြစ်တဲ့ ABCD 1&2 မှာ
ပါဝင်သရုပ်ဆောင်ထားတဲ့ Prabhu Deva က 
အထူးသရုပ်ဆောင်ထားတယ်၊ သူက အဆိုတော်
တစ်ယောက်၊ အကဆရာတစ်ယောက်အဖြစ် လူသိများ
ပေမယ့် ဒီကားမှာတော့ ပုံစံလုံးဝကွဲအောင် သရုပ်ဆောင်
ထားတယ်၊ 

အဓိက သရုပ်ဆောင်တွေက ဆွံအနားမကြားဆိုတော့
လက်ဟန်ခြေဟန်နဲ့ စကားပြောကြပေမယ့် ကြည့်တဲ့
ပရိသတ်တွေကနားလည်မှာ စိတ်ပူစရာမလိုပါဘူး၊
ဒါဟာရုပ်ရှင်တစ်ကားပါ၊
ရုပ်ရှင်တစ်ကားက စကားတစ်လုံးမှမပြောပေမယ့်လည်း
ကြည့်ရှု့သူပရိသတ်ကို ဝမ်းသားမှု၊ ကြည်နူးမှု၊ပျော်ရွှင်မှု၊
ကြောက်လန့်မှု စတဲ့ ရသပေါင်းစုံကို ခံစားခဲ့ရတယ်၊
ဒိုင်ယာလောခ့်အကြီးကြီးတွေပြောဖို့မလိုပါဘူး၊
သာမန်လူတွေနားလည်နိုင်တဲ့ ပုံစုံမျိုးဆိုရင်
သေချာပေါက် အကြိုက်တွေ့ကြမှာပါ၊

ဒီကားကို ညွှန်းဆိုရတာကတော့ ထူးထူးခြားခြား
စကားမပြောတဲ့ india ဇာတ်ကားတစ်ကားဖြစ်သလို
Horro fan တွေ စိတ်ကျေနပ်စေမယ့် ဇာတ်ကားတစ်ကား
ပါ၊ ဒါကြောင့် လက်တို့လိုက်ရပါတယ်၊

#Mercury #SSilenc_Horror #ZKK

အညွှန်းကို
Ko Zin Ko Ko ၏ 
Facebook Wall မှ
ကူးယူဖော်ပြခြင်း ဖြစ်ပါသည်. . .


480p(400Mb)



720p(680Mb)






Thursday, May 24, 2018

Vizhithiru (2017) မြန်မာစာတန်းထိုး


Vizhithiru (2017) မြန်မာစာတန်းထိုး

IMDb ratings:6.2/10
Genre:Drama,Thrillor
Run Time:127mins
Released Date:3rd Nov 2017

File Type:mp4
File Size:720Mb(720p)
Link Type:Yandex

ဒီတစ်ခါတော့ 2017 ထွက်
ဇာတ်ကားကောင်းလေး တစ်ကားနဲ့ 
မိတ်ဆက်ပေးလိုက်ပါတယ်. . .

လူချေထူထပ်လှတဲ့ ချန်နိုင်းမြို့ ရဲ့ ကားသံ လူသံတွေနဲ့ 
ဆူညံနေတဲ့ည. . . 

မျက်စိမမြင်တဲ့လူတစ်ယောက် 
သမီးလေးလက်ဆွဲပြီး ခွေးပျောက်လို့ 
လိုက်ရှာနေတယ်

ဆို်င်ကယ်နဲ့ လူတစ်ယောက်
သတို့သမီးအိမ်ကထွက်ပြေးလို့ ဆိုင်ကယ်စီးပြီး လိုက်ရှာနေတယ်. . .

ဇာတိမြို့ကို ပြန်မယ့် လူတစ်ယောက်
ပိုက်ဆံအိတ် ခါးပိုက်အနှိုက်ခံလိုက်ရလို့ ဗျာပွေနေတယ်. . .

ဒီကားက အချိန် တစ်ညတာအတွင်း
ဖြစ်သွားတဲ့ အဖြစ်အပျက် လေးငါးခုကို
အပြိုင်ပြသပြီး လှလှပပ ဇာတ်သိမ်းထားတဲ့ကား. . .

လူတွေရဲ့ အကျင့်စာရိတ္တ အမှန်ကို 
ငွေနဲ့ တိုင်းတာလို့ရတယ်ဆိုတဲ့အကြောင်းကို လှလှပပ တင်ဆက်ထားတဲ့ကား. . .

အစပိုင်းတော့ အခန်းတစ်ခုစီဟာ 
ဆက်စပ်မှုမရှိသလို ခံစားရမယ်
နောက်တော့မှ 
အော် ဒီအရှေ့မှာ ပြသွားတဲ့အခန်းက
ဒီအခန်းကို ချိတ်ဆက်ထားတာပါလားဆိုပြီး သဘောကျသွားစေမယ့်ကားလေးပါ. . .

ကဲ
အားပေးလိုက်ကြပါဦး. . .


Wednesday, May 23, 2018

Veeram (2014) မြန်မာစာတန်းထို


Veeram (2014)
မြန်မာစာတန်းထို

IMDb ratings:6.6/10
Genre:Action,Family
Run Time:161mins
Released Date:10th Jan 2014
Spoken Language:Tamil
File Size:800Mb(720p)

ဒီတစ်ခါတော့ တမီးလ်မင်းသား Ajith Kumar ရဲ့ 
နာမည်ကြီး အက်ရှင်ကားတစ်ကားကို 
တင်ပေးလိုက်ပါတယ်

မိဘမဲ့လည်း ဖြစ်
ညီအငယ် လေးယောက်ရဲ့ 
အကိုအကြီးဆုံးလည်း ဖြစ်တဲ့ 
ဗီနိုင်းယေဂန်က
ငယ်ငယ်ကတည်းက မဟုတ်မခံတတ်တဲ့ လူတစ်ယောက်. . .
ညီငယ်တွေ ပြသနာတက်တိုင်း ဘယ်သူမှားမှား ညီငယ်တွေဘက်က ရပ်တည်ပြီး ရန်လာစသူတွေကို နာနာလေး ဗြင်းထည့်တတ်သူပေါ့. . .
အကိုကြီး အဖရာ ဆိုသလိုပါပဲ
သူ့ ညီတွေကို ချစ်လွန်းလို့  အိမ်ထောင်မပြုပဲနေခဲ့တော့
အရွယ်တော် တဆိတ်ဟိုင်းလာခဲ့ပြီပေါ့
ဒါတင်ပဲလားဆိုတော့
ညီငယ်တွေကိုလည်း 
ဘယ်တော့မှ အိမ်ထောင်မပြုကြဖို့ မှားထားတယ်. . .
ဒါပေမယ့်လည်း မရပါဘူး
အရွယ်ရောက်လာတဲ့ ညီငယ်တွေမှာ ရည်းစားကိုယ်စီ ရလာတဲ့အခါ. . ဖွင့်မပြောရဲတော့ သူတို့ အကိုကြီးကို အရင်အိမ်ခေါင်ချပေးဖို့ စီစဉ်ပြီး သူတို့ရွာက ဘုရားကျောင်းကို ပြုပြင်ဖို့ရောက်လာတဲ့ အဖွဲ့ ထဲက မိန်းမချောလေးတစ်ယောက်နဲ့ နီးစပ်အောင် ကြိုးစားကြတော့တယ်. . .
မင်္ဂလာကိစ္စတွေ စီစဉ်ဖို့အထိ အောင်မြင်မှုရချိန်ရောက်လာတော့မှ. . .အရင်က ရန်ကြွေးတွေနဲ့ မထင်မှတ်တဲ့ ပြသနာတွေ ဝင်လာတော့တယ်. . .
ကျန်တာကို ဆက်ကြည့်လိုက်တော့နော်. . .

ကျွန်တော့်ရဲ့ ထွမ်သက်နုချိန်မှာ ပြန်ထားတဲ့ကားလေး ဖြစ်တာက တစ်ကြောင်း
Encoding အပိုင်းကို သိပ်နားလည်ခင်က လုပ်ထားတာလေး ဖြစ်လို့ လိုအပ်ချက်တော့ အနည်းငယ်ရှိနေနိုင်ပါတယ်. . .
သည်းခံပြီး အားပေးကြပေါ့ဗျာ. . .

စကားမစပ်
Pageကို Review ပေးသွားကြဦးနော်. .§.
Rating အနည်းအများကိုကြည့်ပြီး
နောက်ကားဆက် တင်သင့် မတင်သင့် ဆုံးဖြတ်ပါမယ်

ကျေးဇူးတင်ပါတယ်

Yandex(800Mb)

Monday, May 21, 2018

Maragadha Naanayam (2017)မြန်​မာစာတန်းထိုး



Maragadha Naanayam (2017မြန်​မာစာတန်းထိုး

IMDb Ratings: 7/10
Genre:Adventure,Fantacy,Comedy
Run Time:150 mins
Released Date:16th June 2017

File Size : 700Mb
Link Type: Gdrive & Yandex


ဒီတစ်​ခါ​တော့
Adventure,Fantacy ကား​ကောင်း​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးပါရ​စေ

ရှေးအခါက ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်​ကြီးတစ်​ပါးဟာ
နတ်​သမီးချီးမြှင့်​ခဲ့တဲ့ အ​ဆာင်​မြေစိမ်း​ကျောက်​ အကူအညီနဲ့ တိုက်​ပွဲ​တွေ​အောင်​မြင်​ပြီး အင်​ပါယာကြီးတစ်​ခု ထူ​ထောင်​နိုင်​ခဲ့အထိ ​အောင်​မြင်​ခဲ့ဖူးတယ်
ဒီဒဏ္ဍာရီ​ကြောင့်
ရတနာမုဆိုး​တွေဟာ
တန်​ဖိုးကြီးလှတဲ့ မြစိမ်း​ကျောက်​ကို
ခေတ်​အဆက်​ဆက် ​လိုချင်​တပ်​မက်​စွာနဲ့ ရှာ​ဖွေခဲ့ကြတယ်​. . .
မြစိမ်း​ကျောက်​ကို ဘုရင်​ကြီးရဲ့ဝိဥာဉ်​က ​စောင့်​​ရှောက်​ပြီး
လက်​ဝယ်​ပိုင်​ဆိုင်​သူ​တွေဟာ တစ်​နည်းနည်းနဲ့ ​ဘေးဆိုးသင့်​ ​သေဆုံးခဲ့ကြသွားခဲ့ကြတယ်
ဒီလိုနဲ့
မျက်​​မှောက်​​ခေတ်​ကို ​ရောက်​လာတဲ့အချိန်​ တွင်​ကယ်​ရာမ​နေသန်​တို့လူတစ်​စုနဲ့
ရာမား​ဒေါ့စ်​တို့အဖွဲ့
အပြိုင်​ရှာ​ဖွေကြတဲ့အခါ. . .

စိတ်​ဝင်​စားစရာ​တွေပြည့်​နှက်​​နေပြီး
အလှည့်​အ​ပြောင်းများစွာနဲ့ ဇာတ်​ကား​ကောင်းတစ်​ကားမို့ 
လက်​မလွတ်​တမ်း အား​ပေးကြပါဦးလို့ . . .

Tranalated & Encoded By
Myint Thu(Movie Like-Movie Choice)





GDrive(725Mb)

Link 1



Link 2



Yandex Disk(725Mb)


ကျေးဇူးတင်ပါသည်. . .






Friday, May 18, 2018

Rangasthalam 2018 မြန်မာစာတန်းထိုး



Rangasthalam 2018
မြန်မာစာတန်းထိုး

ဒီကားကတော့ အားလုံးစောင့်မျှော်နေကြတဲ့
ဘိုင်ရာဘာမင်းသားခေါ် Ram Charam ရဲ့ 2018 ထွက်
အသစ်စက်စက် အက်ရှင်ကားကြီး ဖြစ်ပါတယ်. . .

Ram Charam ကားဆိုတော့ အောင်မြင်မှုကို အထူးပြောနေစရာမလိုပါဘူး

ဇာတ်လမ်းက 1980 ခုနှစ်ဝန်းကျင်က တောရွာလေးတစ်ရွာကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်
ရွာလေးရဲ့ နာမည်က Rangasthalam(ရမ်ဂက်စ်သာလမ်း)ပါ
အဲ့ဒီရွာမှာ ချစ်တီးဘာဘူဆိုတဲ့ လူတစ်ယောက် ရှိပါတယ်
သူက နားလေးပါတယ်
လုပ်တဲ့အလုပ်က လယ်ခင်း ယာခင်း စိုက်ခင်းတွေကို ရေစက်နဲ့ ရေသွင်းပေးရတာပါ
နားကသာ လေးတာ
မတရားတာမြင်လို့ကတော့ မီးကုန်ယမ်းကုန် ဝင်ဗြင်းလိုက်ပစ်တတ်တဲ့
လက်သံပြောင်လွန်းလှသူပေါ့

အစဉ်အလာကြီးမားတဲ့ ရွာဖြစ်လို့
နှစ်ပေါင်းသုံးဆယ်လုံးလုံး
တစ်ဦးတည်းသော ရွာလူကြီး( ထိုခေတ်က သူကြီးဟုဆိုရလေမလား)က အုပ်ချုပ်ပါတယ်
နှစ်စဉ်နှစ်တိုင်း ရွာလူကြီးဝင်အရွေးခံတဲ့သူက သူတစ်ဦးတည်းဖြစ်သလို အရှိန်အဝါလည်း အင်မတန်ကြီးပါတယ်
နောက်ပြီး
ချစ်တူးတို့ရွာမှာ သူကြီးကိုယ်တိုင် ဖွဲ့စည်းထားတဲ့ အသင်းတစ်ခုရှိပါတယ်
အသင်းက မရှိဆင်းရဲသားတွေ လယ်စာရင်းငှါးတွေ စသဖြင့် တောင်သူလယ်သမား ယာသမားတွေကို
ငွေထုတ်ချေးပြီး ကူညီပေးတာဖြစ်ပေမယ့်
တကယ့်တကယ်မှာ သူကြီးအမိန့်နဲ့ အတိုးတွေ မတန်မဆယူပြီး 
လယ်တွေသိမ်း အိမ်တွေသိမ်း လုပ်လွန်းလို့ ရွာသူရွာသားတွေ စိတ်ညစ်နေရတာပါ
ဒီလိုနဲ့ ရန်ဂက်စ်သာလမ်းရွာကို
ချစ်တူးဘာဘူရဲ့ညီဖြစ်သူ
ပညာတတ်ဖြစ်တဲ့ ကူးမားဘာဘူ ဒူဘိုင်းကနေ
 ပြန်ရောက်လာပါတယ် 
ရွာသူရွာသားတွေရဲ့ အသိဥာဏ်နည်းပါးမှု ပညာမတတ်မှုတွေကို အသုံးချပြီး
သူကြီးရဲ့ အသင်းက မတရားဖိနှိပ်နေတာတွေကို မြင်ရတဲ့အခါ သူကိုယ်တိုင် သူကြီးဝင်အရွေးခံဖို့ ပြင်ဆင်ပါတော့တယ်
အကျင့်ယုတ်တဲ့ သူကြီးက ကူမားကို ရန်မူဖို့ ကြိုးစားတဲ့အခါ. . .

အထူးပြောချင်တာလေးက
ဒီဇာတ်လမ်းမှာ ဒရုန်းရိုက်ချက်တွေ အတော်ကြီးကောင်းပါတယ်
အက်ရှင်ခန်းတွေကို ကြိုးသိပ်မသုံးပဲ
လေပေါ်မပျံပဲ အပြင်မှာ လုံးသတ်နေသလို ရိုက်ထားတယ်
1980 ခုနှစ်က အဖြစ်အပျက်ကို ပုံဖော်တာဖြစ်လို့ သူတို့ဆီက
တောသဘာဝ တောဓလေ့ကို ကြည့်ရတာ
ကိုယ့်ရွာကိုယ်တောင် ပြန်အမှတ်ရမိသလိုလိုပါပဲ. . .

ကဲ 
အားပေးလိုက်ကြပါဦး

File Size =>1.2G(Gdrive)

File Size=>1.2.G(Opènload)



ကျေးဇူးတင်ပါသည်

K.G.F: Chapter 1 (2018) မြန်မာစာတန်းထိုး

(Unicode) ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိ...

လူကြိုက်များသော ပို့စ်များ